Friday, May 8, 2009

Beautiful wildflowers and sceneries -2

Beavertail Cactus (ဒီအပင်ကိုကျနော်သိတာက ရှားစောင်းလက်ပတ်အပင်ပါ။ ကျနော်နဲ့  ကျနော့်မိန်းမနဲ့  လမ်းလျှောက်တော့ ဒီအပင်ကိုစတွေ့ ပါတယ်။ ကျနော်က ခူးပြီး အိမ်မှာစိုက်ဖို့ ပြောတော့ အမျိုးမတူမှာစိုးလို့  သူက သေချာအောင် ပြန်စစ်ကြည့်တော့ အရိုင်းပင်ဖြစ်နေပါတယ်ဗျာ။ ရှားစောင်းလက်ပတ်ပင် က မျက်နှာလိမ်းလို့ ရပါတယ်။ အသားလဲချောမွေ့ ပါတယ်။)

Beautiful sunset (အလှအပဆိုတာ အမြင့်မားဆုံး ဖူးပွင့်တဲ့အချိန်ကိုသာ စံ အဖြစ်သတ်မှတ်တာပါ။ အခုလိုနေ၀င်ချိန်ကိုကော ကဲ..မလှဘူးလား။ သစ်တောအုပ်ကိုဖြတ်နင်းပြီး ကျောက်တုံးတွေကို ဒရွတ်တိုက်သွားတဲ့ အလင်းရောင်နဲ့  မခို့ တရို့  အနွေးဓါတ်နဲ့  အတူ ကျန်ရစ်ခဲ့တဲ့ ဒီမြက်ခင်းကကော ကောင်းသောညနေခင်းလို့  တကယ်ပြောပါ့မလား။)

hiking trail (အမှတ်တမဲ့ပါ တကယ့် ရိုးရိုး လမ်းကလေးတခုပါပဲ။ ဒီဘက်ထိပ်နဲ့ ဟိုဘက်ထိပ်က ပေတစ်ရာလောက်တောင်မရှိပါဘူး။ ခု မြင်နေရတဲ့ အကျယ် အ၀န်းပါပဲ။ လမ်းကလေးကဒီလောက်ပါပဲ။ ဒါပေမဲ့။ လမ်းရဲ့ ဒီဘက်ခြမ်းမှာ ရှိတဲ့ အသီးအပွင့်တွေ။ လမ်းရဲ့ ညာဘက်ခြမ်းမှာ ရှိတဲ့ အဆိတ်တွေ ဘယ်သူမှ မသိခဲ့ဘူး။ သေချာခြင်းတခုက ကျနော်တို့  ဒီလမ်းကလေးကို အဆုံးထိတိုင် ဖြောင့်ဖြောင့်မှန်မှန် သွားရမှာပဲ။ လမ်းကလေးအဆုံးမှာမြင်နေရတဲ့ တောအုပ်ကလေးက ပန်းတိုင်ပဲ။ ကျနော်တို့  ဒီလမ်းကလေးကို ရိုးသားခြင်းတွေနဲ့  ဖြတ်ကူးရမယ်။ ကဲ..အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ...။)

Spear Thistle (ဖူးသစ်ငုံစ)

Spear Thistle (close up) (လှသွေးကြွယ်ချိန်)

Indian Blanket

Chuparosa (Justicia Californica)

I think its a Northern Starflower. What do you think?

Asiatic Dayflower (I think) :P

No comments:

Post a Comment