Tuesday, May 5, 2009

ဖားသားအချိုချက်


ဖားသားအချိုချက်နည်း

ဖားသားအချိုချက်နည်းကတော့လွယ်ပါတယ်။ ဆိုင်မှာအဆင်သင့်ပြင်ဆင်ထားတဲ့ဖားသားကို ရေစင်အောင်ဆေးလိုက်ပါ။ ပြီးရင်ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ကိုညှက်အောင်ထောင်းပြီး ဆားရယ် ဆနွင်းမှုန့်၊ အချိုမှုန့် တို့နဲ့ အတူ ဖားသားကိုရောနှယ်ပြီးနှပ်ထားပါ။ ၅မိနစ်လောက်ကြာရင် အပြားလိုက်လှီးထားတဲ့ဂျင်းကို ဆီသတ်ပြီးတော့ ဖားသားကိုရောထည့်လိုက်ပါ။ ရေအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။ ရေခမ်းရင် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးလိုက်ပါ။ အဲဒါဆိုရင်ဖားသားဟင်းအချို တခွက်ရပါပြီ။

No comments:

Post a Comment