အနေတော် ငါးရှဥ့်တကောင် ၀ယ်ပြီးတော့ ဆား၊ သံပုရာရည်တို့နဲ့ နယ်လိုက်ပါ။ ၅ မိနစ်လောက် ထားလိုက်ပါ။ရေနွေးနဲ့ဆေးလိုက်ရင် အချွဲတွေ ထွက်သွားပါတယ်။ ပိုသေချာချင်ရင်တော့ ဓါးနဲ့ အသာအယာ ခြစ်ချလိုက်ပါ။ ရေဆေးလိုက်ရင် အရိအချွဲတွေ ကုန်သလောက်ဖြစ်သွားပါတယ်။ ဒါဆို ငါးကို အနေတော် အတုံးလေးတွေတုံးလိုက်ပါ။ ပြီးရင် အချိုမုန့်နဲ့ ဆားအနဲငယ်တို့နဲ့ နယ်ပြီးတော့ နပ်ထားပါ။ ကြက်သွန်အနီ အဖြူ ဂျင်း တို့ကို ညက်အောင်ကြိတ်ပြီးတော့ ဆီသတ်လိုက်ပါ။ ပြီးရင် ငါးအတုံးတွေထည့်လိုက်ပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီးထားပါ။ ရေခန်းပြီးဆီပြန်လာရင်တော့ ရှမ်းနံနံဘဲဖြစ်ဖြစ် မဆလာဘဲဖြစ်ဖြစ်ထည့်နိင်ပါတယ်။ ဒါဆို ငါးရှဥ့်ဟင်းတခွက်ဖြစ်လာပါပြီ။
Tuesday, May 5, 2009
ငါးရှဥ့်ဆီပြန် (Curry eels)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment